♥ Miss Tangerine Petit Darling Nails Kit ♥

ဒီတစ်ခေါက်တော့ Korea Brand ဖြစ်တဲ့ Etude House က လက်သည်းဆိုးဆေးကို မိတ်ဆက်ပေးချင်ပါတယ်… လက်သည်းအလှဆင်ဖို့ Nail Saloon သွားစရာမလိုဘဲ လှပပြီးချစ်စရာကောင်းတဲ့ (၃)ရောင်ခြယ်အလှနဲ့ ထူးခြားတဲ့ လက်သည်းအလှကို ပိုင်ဆိုင်နိုင်ဖို့ အတွက်ပါ….

 

ပထမဦးဆုံး လက်သည်းပေါ်မှာရှိတဲ့ ဆိုးဆေးအဟောင်းတွေကို Nail Colour Remover နဲ့ဖျတ်ပစ်ရပါမယ်… Remover ကိုလည်း Etude House ထဲကပဲ Fresh Nailwash Safe ကိုသုံးပေးမယ်ဆိုရင် ပိုကောင်းပါတယ်… လက်သည်းဝါခြင်း၊ အဖတ်လိုက်ကွာကျခြင်း၊ စသည့်ဆိုးကျိုးများများကို လုံးဝမဖြစ်ပေါ်စေပါ …..

လက်သည်းဖျက်ပြီးသွားပြီဆိုရင်တော့ Base Coat ကိုအရင်ဆိုးလိုက်ပါ…
Step (1) – Base Coat အပေါ်မှ Tangerine step 1 colour ကို လက်သည်းအပြည့်ဆိုးပေးပါ…
Step (2) – ထို့နောက် step 1 colour အနည်းငယ် ခြောက်လောက်ပြီဆိုတော့မှ step 2 colour ကို လက်သည်းတစ်ဝက်ခန့်သာ ထပ်ဆိုးပေးပါ….
Step (3) – ပြီးလျှင် step 2 colour ဆိုးထားသောနေရာ၏ တစ်ဝက်ကို step 3 colour ဆိုးပေးပါ…
ခေတ္တခဏ အခြောက်ခံထားပြီးပါက အပေါ်မှ Top Coat ထပ်ဆိုးပေးလိုက်ပါ…

ပြီးသွားပြီဆိုရင်တော့ (၃)ရောင်ခြယ်အလှနဲ့ ချစ်စဖွယ်ကောင်းတဲ့ လက်သည်းလေးကို တွေ့ရမှာပါ ….

အားလုံးလည်း ဒီ Design လေးကို နှစ်သက်မယ်ထင်ပါတယ် …. ကိုယ်တိုင်ပုံဖော်နိုင်ပြီး ရိုးရိုးလေးဖြင့် (၃)ရောင်ခြယ်အလှ လက်သည်းလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Etude House က Tangerine Petit Darling Nails (or) Aloha Cocktail Syrup Nails လက်သည်းဆိုးဆေးများနှင့် အလှဆင်နိုင်ပါသည်။

Nan Naung Kham

About Nan Naung Kham

နောင်ခမ်းက အနုပညာကို ဝါသနာပါသူတစ်ယောက်ပါ... အရင်ကတော့ ပန်းချီတွေဆွဲပြီး ပြပွဲ(၂)ခုလောက် ပြခဲ့ဖူးပါတယ်... နောက်တော့ ကျောင်းစာတွေက များလာတာနဲ့ ပန်းချီသိပ်မဆွဲဖြစ်တော့ဘူး... အိမ်မှာပဲ အားတဲ့အချိန်လေးတွေဆိုရင် Nail Art တွေဆွဲဖြစ်တယ်... Onlineကနေ သူများဆွဲတာတွေကြည့်ပြီး လိုက်ဆွဲကြည့်တယ်ပေါ့... ပြီးတော့ ကိုယ်ဆွဲထားတာလေးတွေ Facebook ပေါ်တင်တယ်... ညီမတင်ထားတဲ့ပုံလေးတွေကိုတွေ့တော့ မရတနာ ကရွှေဗျူးတီးမှာ blog ရေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်... ညီမ post တွေသိပ်မတင်ဖြစ်ပါဘူး... ဒါပေမဲ့ တတ်နိုင်သမျှ အားတဲ့အချိန်တွေမှာ ဝင်ရေးဖြစ်ပါတယ်... အခုလိုမျိုး ရွှေဗျူးတီးမှာ စာရေးခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်... နောက်ထပ်လည်း post အသစ်တွေ တင်သွားဦးမှာပါ.... မိန်းကလေးဆိုတာ အလှအပကို စိတ်ဝင်စားသူတွေပဲလေ... အဖွဲ့ဝင်အမတွေ ရေးထားတာလေးတွေတော့ ဖတ်ဖြစ်ပါတယ်... တကယ့်ကို ရွှေမြန်မာမလေးတွေအတွက် အကျိုးပြုတဲ့ အလှအပရေးရာ Siteလေးတစ်ခုပါ... *(^__^)*