ဝိတ်တတ်လာရင်လဲ ပေါင်မှာအဆီတွေစုပြီး ပိုကားလာပါတယ် ဘယ်လိုလုပ်ရမလဲဆိုတာ အကြံပေးပါဦး

Question:

ညီမကိုယ်အလေးချိန်က၁၁၃ ပေါင်ပါ အရပ်က၅ပေ၃ ကြည့်လိုက်ရင်တော.ပုံ်မှန်လို့ထင်ရပေမယ့် ကိုယ်အပေါ်ပိုင်းကတိုတယ်
ခါးအောက်ပိုင်းကတင်သိပ်မရှိပဲပေါင်တွေကတအားကိုဘေးကားထွက်နေပါတယ်
ဝိတ်တတ်လာရင်လဲအဲ့ဘေးကပဲအဆီတွေစုပြီးပိုကားလာပါတယ်
ဘယ်လိုလုပ်ရမလဲဆိုတာအကြံပေးပါဦး

Answer:

Diet plan က တော့ ၀ိတ် ကျသွားပေမယ့် ဗိုက်တို့ ခါးတို့ ပေါင်တို့ က အဆီ အစိုင်အခဲတွေကိုတော့ မချပေးနိုင်ပါဘူး ။

သီးသန့် တစ်နေရာတည်းကို ပဲ ချချင်ရင်တော့ လေ့ကျင့်ခန်းက အကောင်းဆုံးဖြစ်မယ်လို့ ကဗျာ ထင်ပါတယ်။ ပေါင်ကိုချည်း ချချင်ရင် ပေါင်လေ့ကျင့်ခန်း၊ လက်မောင်းချချင်ရင် လက်မောင်းလေ့ကျင့်ခန်း၊ ဗိုက်ချချင်ရင် ဗိုက်လေ့ကျင့်ခန်းပေါ့နော်။

လေ့ကျင့်ခန်းလုပ်ခြင်း ကမှသာ အဆီခဲတွေကို ကျစေနိုင်ပါတယ်။

ဒါပေမယ့် သတိပြုမိစေချင်တာက တော့ လေ့ကျင့်ခန်းလုပ်တဲ့ နေရမှာလည်း ပုံမှန် မလုပ်ဖြစ်ရင် ပိုဆိုးတတ်ပါတယ်။ ဥပမာ တစ်ပတ်လောက်လေ့ကျင့်ခန်း လုပ်ပြီး ရပ်လိုက်ရင် ကြွက်သားတွေက စပြီး ပျော့လာတယ် ပုံသွင်းလွယ်လာတဲ့ အချိန် ရပ်လိုက်ရင် အဲဒီအချိန်မှာ အဆီစု မိလို့ကတော့ ပိုဆိုးလာနိုင်ပါတယ်။

အချုပ်ပြောရရင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်သွားနိုင်ဖို့ စိတ်အားထက်သန်မှုက အဓိကအချက်ပါပဲ မေ။

admin

About admin